"ဈေးဘယ်လောက်လဲ?""ပစ္စည်းရှိသေးလား?""ဘာအရောင်တွေ ရလဲ?""ဘာ Size တွေရှိလဲ?""ပို့ခ ဘယ်လောက်လဲ?" ဆိုတဲ့ မေးခွန်းတွေကို နေ့တိုင်း ဖြေနေရလို့ ပင်ပန်းနေပြီလား။

AskOnce ဆိုတာ Social Media ပေါ်မှာ ရောင်းနေတဲ့ ဆိုင်ရှင်များအတွက် ကုန်ပစ္စည်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ရှင်းရှင်းလင်းလင်း စုစည်းပြသပေးပြီး၊ ထပ်ခါတလဲလဲ ဖြေနေရတဲ့ မေးခွန်းတွေကို လျှော့ချပေးကာ အော်ဒါတွေ ပိုရလာအောင် ကူညီပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

AskOnce ဖြင့် ဖြေရှင်းနိုင်မှု
100+ Inbox
မေးခွန်းဖြေရတာ သက်သာ၊ အော်ဒါတွေပိုလာ။

ဆိုင်ရှင်အကောင့် ဖန်တီးပြီး ဆိုင်ရှင်ဒက်ရှ်ဘုတ်မှ AskOnce Page ကို အလွယ်တကူ စတင်ဖန်တီးနိုင်ပါတယ်။

AskOnce နဲ့ ဘာတွေ ပြောင်းလဲသွားမလဲ ကြည့်လိုက်ပါ

AskOnce မသုံးခင်VSAskOnce သုံးပြီးနောက်
AskOnce မသုံးခင်
100+ Inbox

AskOnce မသုံးခင်

တစ်နေ့လုံး ထပ်ခါတလဲလဲ မေးခွန်းတွေကို ဖြေနေရတယ်

AskOnce သုံးပြီးနောက်

AskOnce Page

မေးခွန်းဖြေရတာ သက်သာ၊ အော်ဒါတွေပိုလာ။

AskOnce သုံးပြီးနောက်

မေးခွန်းဖြေရတာ နည်းပြီး အရောင်းကို ပိုအာရုံစိုက်နိုင်လာတယ်

ဘာကြောင့် AskOnce နဲ့ မေးခွန်းဖြေရတာ သက်သာပြီး အော်ဒါတွေပိုလာတာလဲ

AskOnce က ဝယ်သူလိုအပ်တဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းပြသပေးထားတာကြောင့်...

ထပ်ခါတလဲလဲ မေးခွန်းဖြေရတာ နည်းလာတယ်

ဈေးနှုန်း၊ အရောင်၊ Size၊ Stock နဲ့ ပို့ဆောင်မှုအချက်အလက်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်တာကြောင့် ဝယ်သူတွေ မေးစရာ နည်းလာပါတယ်။

ဝယ်သူတွေ အော်ဒါတင်ရတာ ပိုလွယ်လာတယ်

ဝယ်သူတွေ လိုအပ်တဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ကြည့်နိုင်တာကြောင့် ယုံကြည်စိတ်ချစွာ အော်ဒါတင်နိုင်ပါတယ်။

Fashion နှင့် အသုံးအဆောင် ဆိုင်ရှင်များအတွက် အထူးသင့်တော်ပါတယ်

ကုန်ပစ္စည်းများ၊ Size နှင့် အရောင်ရွေးစရာများ စုံလင်ပြီး ဝယ်သူများ မေးခွန်းထပ်ခါတလဲလဲ မေးလေ့ရှိသော ဆိုင်များအတွက် AskOnce က အထူးအသုံးဝင်ပါတယ်။

Fashion နှင့် အသုံးအဆောင် ကုန်ပစ္စည်းများကို စနစ်တကျ ပြသထားသော ဆိုင်မြင်ကွင်း

Fashion ဆိုင်များ

အဝတ်အစားဆိုင်များ

ဖိနပ်ဆိုင်များ

အိတ်ဆိုင်များ

အသုံးအဆောင်ဆိုင်များ

အလှကုန်နှင့် Skincare ဆိုင်များ

အခြား အလားတူ Online ဆိုင်များ

AskOnce ကို ဘယ်လို စတင်ရမလဲ

အဆင့် (၄) ဆင့်နဲ့ AskOnce Page ကို အလွယ်တကူ စတင်အသုံးပြုနိုင်ပါတယ်။

1

ဆိုင်ရှင်အကောင့် ဖန်တီးပါ

AskOnce ဆိုင်ရှင်အကောင့် ဖန်တီးပြီး အီးမေးလ်ကို အတည်ပြုပေးပါ။

2

Starter ကို စာရင်းသွင်းပါ

ဆိုင်ရှင်ဒက်ရှ်ဘုတ်မှ လစဉ် သို့မဟုတ် နှစ်စဉ် Starter အသုံးပြုခွင့်ကို ရွေးချယ်ပြီး ငွေပေးချေနိုင်ပါသည်။

3

AskOnce Page ဖန်တီးပါ

ဆိုင်ရှင်ဒက်ရှ်ဘုတ်မှ ဆိုင်အချက်အလက်နှင့် ကုန်ပစ္စည်းအချက်အလက်များကို ထည့်သွင်းပြီး AskOnce Page ကို ဖန်တီးနိုင်ပါသည်။

4

Link မျှဝေပြီး အရောင်းစတင်ပါ

AskOnce Page ဖန်တီးပြီးနောက် Link ကို Social Media မှာ မျှဝေကာ အရောင်းစတင်နိုင်ပါသည်။

ရိုးရှင်းတဲ့ ဝန်ဆောင်မှု၊ သင့်တင့်တဲ့ ဈေးနှုန်း

လစဉ် သို့မဟုတ် နှစ်စဉ် Starter အသုံးပြုခွင့်ကို ရွေးချယ်ပြီး AskOnce Page ကို စတင်အသုံးပြုနိုင်ပါသည်။

လစဉ်

AskOnce Starter Monthly

ဈေးနှုန်း

19,900 ကျပ်

နှစ်စဉ်

AskOnce Starter Yearly

ပုံမှန်ဈေး

238,800 ကျပ်

ဈေးနှုန်း

199,000 ကျပ်

ဒီဝန်ဆောင်မှုမှာ ဘာတွေ ပါဝင်လဲ

AskOnce Page 1 ခု

ကုန်ပစ္စည်း 50 ခုအထိ ပြသနိုင်ခြင်း

ဆိုင်ရှင်ဒက်ရှ်ဘုတ်မှ Page နှင့် ကုန်ပစ္စည်းအချက်အလက်များကို စီမံနိုင်ခြင်း

ဝယ်သူ Order များကို လက်ခံပြီး စီမံနိုင်ခြင်း

Order အသစ်များအတွက် Notification ရရှိခြင်း

ဝယ်သူ Activity၊ ဝင်ငွေနှင့် Order Report များကို ကြည့်ရှုနိုင်ခြင်း

Social Media တွင် AskOnce Page Link ကို မျှဝေနိုင်ခြင်း

ဆိုင်ရှင်အကောင့် ဖန်တီးရန်

မေးလေ့ရှိသော မေးခွန်းများ

AskOnce ကို စတင်မသုံးမီ သိထားသင့်သော အချက်များ။

AskOnce ဆိုတာဘာလဲ?+

AskOnce က Social Media ပေါ်မှာ ရောင်းနေတဲ့ ဆိုင်ရှင်များအတွက် ကုန်ပစ္စည်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ရှင်းရှင်းလင်းလင်း စုစည်းပြသပေးပြီး ထပ်ခါတလဲလဲ ဖြေနေရတဲ့ မေးခွန်းတွေကို လျှော့ချပေးကာ အော်ဒါတွေ ပိုရလာအောင် ကူညီပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

ဘယ်သူတွေ အသုံးပြုလို့ရလဲ?+

Facebook၊ TikTok၊ Messenger၊ Telegram၊ Viber နှင့် အခြား Social Media ပေါ်မှာ ကုန်ပစ္စည်းတင်ပြီး ရောင်းချနေတဲ့ ဆိုင်ရှင်များ အသုံးပြုနိုင်ပါတယ်။

နမူနာ AskOnce Page ကြည့်လို့ရလား?+

ရပါတယ်နော်။ နမူနာ AskOnce Page ကို ကြည့်ပြီး ဝယ်သူဘက်က ကုန်ပစ္စည်းကြည့်ရှုခြင်းနှင့် Order တင်ခြင်းကို စမ်းကြည့်နိုင်ပါတယ်။

နမူနာ Page ကြည့်ရန်
ဝန်ဆောင်ခ ဘယ်လောက်လဲ?+

AskOnce Starter plan အတွက် လစဉ်နှင့် နှစ်စဉ် plan များ ရှိပါတယ်။ Launch ကာလအတွင်း အထူးဈေးနှုန်းလည်း ရှိပါတယ်နော်။

ဈေးနှုန်း ကြည့်ရန်
ဘယ်လို စတင်အသုံးပြုရမလဲ?+

AskOnce Website မှာ ဆိုင်ရှင်အကောင့်ဖန်တီးပြီး ဝန်ဆောင်ခ plan ကို ရွေးချယ်နိုင်ပါတယ်။ ငွေပေးချေမှု အောင်မြင်ပြီးနောက် AskOnce Page ကို စတင်ဖန်တီးနိုင်ပါတယ်။

စတင်အသုံးပြုရန်
ဝယ်သူတွေ Order တင်လို့ရလား?+

ရပါတယ်နော်။ ဝယ်သူတွေက AskOnce Page မှာ ကုန်ပစ္စည်းအချက်အလက်တွေကို ကြည့်ပြီး Order တင်နိုင်ပါတယ်။

Subscription သက်တမ်းကုန်သွားရင် ဘာဖြစ်မလဲ?+

Subscription သက်တမ်းကုန်သွားပါက ဆိုင်ရှင်အသုံးပြုခွင့်ကို ကန့်သတ်နိုင်ပါတယ်။ ဝယ်သူများသည် AskOnce Page နှင့် ကုန်ပစ္စည်းများကို ကြည့်နိုင်သော်လည်း သက်တမ်းမတိုးမချင်း Order အသစ် တင်နိုင်မည်မဟုတ်ပါ။

အသေးစိတ် ဖတ်ရန်
အကူအညီလိုရင် ဘယ်လိုဆက်သွယ်ရမလဲ?+

Facebook Messenger မှတစ်ဆင့် AskOnce ကို ဆက်သွယ်နိုင်ပါတယ်။ Facebook/Messenger အသုံးပြုရန် အခက်အခဲရှိပါက Telegram မှာ @askonceapp ကို ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်

မေးခွန်းဖြေရတာ သက်သာပြီး အော်ဒါတွေ ပိုရလာဖို့ အဆင်သင့်ဖြစ်ပြီလား။

ဆိုင်ရှင်အကောင့် ဖန်တီးပြီး ဆိုင်ရှင်ဒက်ရှ်ဘုတ်မှ AskOnce Page ကို အလွယ်တကူ စတင်ဖန်တီးနိုင်ပါတယ်။

ဆိုင်ရှင်အကောင့် ဖန်တီးရန်