ဆိုင်ရှင် လမ်းညွှန်

AskOnce Page မဖန်တီးမီ ဒီအချက်တွေ ပြင်ဆင်ထားပါ။

AskOnce Page ဖန်တီးရာတွင် လိုအပ်သော ဆိုင်ဓာတ်ပုံများ၊ ကုန်ပစ္စည်းအချက်အလက်များနှင့် ဆက်သွယ်ရန် Chat Link များကို ကြိုတင်ပြင်ဆင်ထားပါ။

AskOnce Page မဖန်တီးမီ ပြင်ဆင်ထားသော ကုန်ပစ္စည်းဓာတ်ပုံများနှင့် ဆိုင်အချက်အလက်များ

ပြင်ဆင်ထားရန် အချက်များ

ဆိုင်အချက်အလက်

ဆိုင်နာမည်၊ Logo၊ Cover ပုံ၊ တည်နေရာ၊ ပို့ဆောင်မှုအချက်အလက်နှင့် ဆိုင်အကြောင်း အတိုချုံး။

ကုန်ပစ္စည်းဓာတ်ပုံများ

အဓိက ကုန်ပစ္စည်းပုံ၊ နောက်ထပ် ကုန်ပစ္စည်းပုံများနှင့် ရွေးစရာပုံများ။

ကုန်ပစ္စည်းအချက်အလက်

ကုန်ပစ္စည်းအမည်၊ ဈေးနှုန်း၊ Stock အရေအတွက်၊ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်ပစ္စည်းအကြောင်း၊ ကုန်ပစ္စည်းအားသာချက်များ၊ ကုန်ပစ္စည်းအညွှန်းနှင့် ရောင်းချနိုင်မှု။

ရွေးစရာများ

အရောင်၊ Size၊ အရသာ၊ အလေးချိန် သို့မဟုတ် ဝယ်သူရွေးချယ်နိုင်သည့် အချက်များ။

ဆက်သွယ်ရန် Chat Link များ

Messenger၊ TikTok၊ Telegram၊ Viber ကဲ့သို့သော ဝယ်သူများ ဆက်သွယ်နိုင်မည့် Chat Link များကို ထည့်ပါ။

အကြံပြုချက်များ

ဝယ်သူတွေ နားလည်လွယ်တဲ့ ကုန်ပစ္စည်းအမည်ကို သုံးပါ။

AskOnce Page ဖန်တီးပြီးနောက် ဈေးနှုန်းနှင့် Stock ကို အမြဲမှန်ကန်အောင် ပြင်ဆင်ပါ။

ပုံများကို အလင်းရောင်ကောင်းကောင်းနဲ့ ရှင်းရှင်းလင်းလင်း ရိုက်ပါ။

ဝယ်သူတွေ ပို့ခမေးလေ့ရှိပါက ပို့ဆောင်မှုအချက်အလက် ထည့်ပါ။